Tuesday, April 17, 2012

Ram 8 GB ထည့်ထားတာတောင် ဘာလို့ memory နည်းနေကြောင်း error ပြရသလဲ

pyaephyoe : အစ်ကိုရေ ကျွန်တော် Ram က 8 GB ထည့်ထားတာပါ. အဲ့ဒါ (2.37 GB usable)အစ်ကို တင်ပေးထားတဲ့ photoshop cs6 နဲ့ တစ်ခြား program တွေ သုံးလိုက်တိုင်း memory နည်းနေတယ်ချည်းပဲ စာတမ်းပေါ်ပေါ်လာပြီး သတိပေးနေတယ်. ကူညီပါဦး. ram ကို အပြည့်သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲ. graphic လဲဆိုက်ထားပါတယ် . 512 mb ပါ.

ညီလေးရေ window 7 ကို 32 bit ကနေ 64 bit ကို ပြောင်းပြီးသုံးလိုက်ပါ. အဲ့ဒါ ဆိုရင် ညီ့ရဲ့ ram 8 gb ဟာ အပြည့်သုံးလို့ ရသွားပါလိမ့်မယ်. အခု အစ်ကို အင်တာနက်က တွေ့တဲ့ပုံကို တင်ပေးလိုက် ပါတယ်. နောက်တစ်ခါ ညီလေး မေးချင်တယ်ဆိုရင် screen short ရိုက်ပြီးပို့ပေးပါ. အဲ့ဒီ့အတွက်လည်း အစ်ကို ပို့စ်တင်ပြီးပြောပြီးသားပါ. တစ်ခြားသူတွေ ဓါတ်ပုံနဲ့ တစ်ခါတည်း တွဲပြီး မြင်စေချင်လို့ပါ. ဘာ့ကြောင့်  32 bit မှာ ram 8 GB အပြည့်မရသလဲဆိုတာကတော့ နောက်ပိုင်း ကျွန်တော် အသေးစိတ် ရေးပေးပါဦးမယ်. အဓိကပြောချင်တာကတော့ 32 bit မှာ ram ကို ကန့်သတ်ထားလို့ပါ.

No comments:

Post a Comment