msixkr32.dll error က ဘာ့ကြောင့်ဖြစ်တာလဲ
စောဂျွန်း ကိုညီနေမင်းခင်ဗျာ ကျွန်တော့်စက်မှာ ဖွင့်လိုက်တိုင်း runtime error ဆိုပြီး တက်လာလို့ပါ အဲဒါဘယ်လိုဖြေရှင်း ရမလဲဆိုတာကို ကျေးဇူးပြုပြီးတော့
ပြောပြပေးစေ လိုပါတယ် အစ်ကိုက မေးစရာရှိရင် ဓာတ်ပုံရိုက်မေးပါဆိုလို့ ကျွန်တော် ဓာတ်ပုံပါ ရိုက်ပေးလိုက်ပါတယ် အစ်ကို အနေနဲ့ တတ်နိုင်မယ်ဆိုရင် ကူညီ ပေးစေလိုပါတယ် .
ကိုစောဂျွန်ရေ အဲ့ဒီ့ error မျိုးဟာ window စဖွင့်ဖွင့်ချင်း တက်လာတဲ့ program တွေထဲက တစ်ခုခုကြောင့်မို့ ဖြစ်တာပါ. ဘယ် program ကြောင့်ဆိုတာကတော့ အစ်ကိုပြောတဲ့ error မှာ အဖြေမတွေ့ပါဘူး. အဲ့တော့ တစ်ခုအကြံပေးချင်တာကတော့. အောက်က နည်းလမ်းနဲ့ စမ်းလုပ်ကြည့်လိုက်ပါ. ဒါဆိုရင် အဆင်ပြေသွား မယ်လို့ မျှော်လင့်ပါတယ်. အဲ့ဒီ့ error ပျောက်သွားပေမယ့်. ညီ့အနေနဲ့ program တစ်ခုခုကို ဖွင့်ရင်းနဲ့ အဲ့ program ဟာ တစ်ခုခုဖြစ်နေတာမျိုး၊ တစ်နည်းအားဖြင့် error ဖြစ်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အဲ့ program ကြောင့် ဆိုတာကို ခန့်မှန်းမိမယ်ဆိုရင် အဲ့ program ကို ဖြုတ်ပစ်လိုက်ပါ. ဖြုတ်တဲ့နေရာမှာလဲ Advanced uninstaller နဲ့ ဖြုတ်ပစ်ဖို့ အကြံပြုလိုပါတယ်. Advanced uninstaller program ဟာ registry ထဲမှာ ရှိတဲ့ ကျန်ရှိနေတဲ့ ဖိုင်တွေကိုပါ ဖျက်ပေးပါတယ်. အဲ့ဒါကြောင့် မို့လို့ပါ. Advanced uninstaller program ကို ဒီပို့စ်မှာ တင်ပေးထားပါတယ်.
အောက်ကနည်းအတိုင်းသာ လတ်တလော လုပ်ထားလိုက်ပါ. တကယ်လို့ အချိန်ရမယ်ဆိုရင်တော့ window စတက်တက်ချင်း auto run လာတတ်တဲ့ program တွေထဲက တစ်ခုချင်းစီကို အမှန်ခြစ်ဖြုတ်ပေး ပြီးတော့ စမ်းကြည့်ပါ. အချိန်ရမှနော်. အဲ့ဒါဆိုရင်တော့ နောက်ဆုံး error မပေါ်တော့တဲ့ program ကို အမှန်ခြစ်ဖြုတ်မိတဲ့အချိန်ကျရင်တော့ အဲ့ဒီ့ error တက်လာတော့မှာ မဟုတ်ပါဘူး. အဲ့ဒါဆိုရင် ဖြစ်နေတဲ့ program ကို အတိအကျ သိနိုင်ပါပြီ. သိတာနဲ့ အဲ့ program ကို အထက်က ပြောထားတဲ့ Advanced uninstaller နဲ့ ဖြုတ်ပစ်ဖို့ မမေ့ပါနဲ့. ပြီးမှ သူ့ထက်မြင့်တဲ့ version ကို ထပ်တင်ပေါ့.
လုပ်နည်း
- Run Box မှာ msconfig ဆိုပြီး ရိုက်ထည့်ပါ (ဒါမှမဟုတ်) start အပေါ်မှာရှိတဲ့ search programs and file ဆိုတဲ့အကွက်မှာ msconfig ဆိုတဲ့ စာသားရိုက်ထည့်ပြီး msconfig ကိုနှိပ်လိုက်ပါ. ဒါဆိုရင် System Configuration Box ပေါ်လာပါလိမ့်မယ်.
- အဲ့ဒါဆိုရင် အဲ့ box မှာ startup ဆိုကို ရွေးပြီး နှိပ်လိုက်ပါ။
- ပြီးတာနဲ့ အလွယ်ကူဆုံး လုပ်ချင်တယ်ဆိုရင်တော့ Disable All ကို နှိပ်လိုက်ပါ. ပြီးရင် Antivirus program ကိုတော့ အမှန်ခြစ်ပြန်ပေးလိုက်ပါ။ ပြီးရင် Ok ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် Restart (or) Exit without restart ဆိုပြီးတော့ နှစ်မျိုးမေးလာပါလိမ့်မယ်. Restart ကို ရွေးပေးလိုက်ပါ.
- ကွန်ပျူတာ Restart ကျသွားပြီးတော့ ပြန်တက်တဲ့ အချိန်ကျရင် ညီပေါ်နေတဲ့ error ပေါ်လာမလား ဆိုတာကို ကြည့်လိုက်ပါ. ထပ်ပေါ်နေသေးရင် မေးလ်ထပ်ပို့ပေးပါ။ ဒါမှမဟုတ်ရင် အောက်မှာ မှတ်ချက်ပေးသွားလိုက်ပါ။
အဲ့ဒါက တစ်ခါတည်းနဲ့ လုပ်တဲ့နည်းပါ။ ဒါမှမဟုတ် တစ်ခုချင်းစီ လိုက်ဖြုတ်ပြီး စမ်းရင်လည်းပဲ ရပါတယ်. တစ်ခုချင်းစီ ဖြုတ်ပြီး restart လုပ်လုပ်ပြီးစမ်းရင် ဘယ် program က ဖြစ်တယ်ဆိုတာကို သိရမှာ ဖြစ်ပါတယ်. ဓါတ်ပုံပါ ပို့ပေးတဲ့အတွက် ကျေးဇူးပါ.
12:35 AM
ညီနေမင်း


No comments:
Post a Comment