2011 ခုနှစ်မှာ အသက် 30 ပြည့်တော့မယ့် စတားတွေထဲမှာ ဟောလီးဝုဒ်က စတားများ အများအပြား ပါဝင်နေတာတွေ့ရပါတယ်။ သူတို့ထဲမှာမှ နာမည်ကျော်များဖြစ်တဲ့ ဘယ်သူတွေ သူတို့ရဲ့ 20 ကျော်အရွယ်တွေကို စွန့်ခွာတော့မယ် ဆိုတာ အောက်မှာ တွေ့ရမှာပါ။
နေတိုး
နေတိုး (မြန်မာနိုင်ငံရဲ့ စတား)။ ။ 2011 ခုနှစ် ဖေဖော်ဝါရီလက 2009 ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကို သိမ်းပိုင်ထားတဲ့ မြန်မာ့နိုင်ငံရဲ့ စတားတစ်ယောက် အကယ်ဒမီနေတိုးက လာမယ့် ရက် အနီးကပ်ဆုံးမှာ 30 ဆိုတဲ့ အရွယ်ကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီနေတိုး တစ်ယောက် ဒီလ (စက်တင်ဘာလ 9 ရက်နေ့) မှာ သူရဲ့ 20 ကျော်အရွယ်ကို စွန့်လွှတ်တော့မှာ ဖြစ်ပါတယ်။
ဘီယွန်းဆေး
ဘီယွန်းဆေး (အဆိုတော်)။ ။ 2011 ခုနှစ်ရဲ့ မကြာသေးခင်ကပဲ 20 ကျော်အရွယ်ကို စွန့်ခွာခဲ့သူပါ။ စက်တင်ဘာလ 4 ရက်နေ့က သူမရဲ့ အသက် 30 အရွယ်ကို ပိုင်ဆိုင်သွားပါပြီ။ နောက်ထပ် သူမပိုင်ဆိုရမှာကတော့ သူမရဲ့ ခင်ပွန်း Jay-Z နဲ့ ရထားတဲ့ ပထမဆုံးကလေးလေး ပါပဲ။
ဘရစ်တနီးစပီးယား
ဘရစ်တနီးစပီးယား (အဆိုတော်)။ ။ သူမဟာ 1990 ကျော်လောက်က ဆယ်ကျော်သက် နှင်းဆီဘုရင်မ အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ ဒါပေမယ့် အခု ကလေးနှစ်ယောက်အမေ ပေါ့စတား တစ်ယောက်တော့ လာမယ့် ဒီဇင်ဘာ 2 ရက်နေ့မှာ အသက် 30 ပြည့်တော့မှာပါ။
ဂျပ်စတင်းတင်းဘာလိတ်
ဂျပ်စတင်းတင်းဘာလိတ် (အဆိုတော်)။ ။ ဘရစ်တနီးစပီးယားရဲ့ ချစ်သူဟောင်းပါ။ ပြီးခဲ့တဲ့ ဇန်နဝါလ 31 ရက်နေ့ ပြည်းသွားတာပါ။ "ဝမ်းနည်းစရာပါပဲ။ ဟုတ်လို့လား ကျွန်တော် လူအိုဖြစ်သွားပြီ ဆိုတာ?" လို့ Hello magazine မှာ ဖွင့်ဟသွားတာပါ။
ပဲရစ်ဟီတန်
ပဲရစ်ဟီတန် ။ ။ ဟိုတယ် အမွေခံ ပိုင်ရှင် သဌေးမ ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ 17 မှာ ပြည့်သွားတာပါ။
ဂျက်ဆီကအဲလ်ဘ
ဂျက်ဆီကအဲလ်ဘ ။ ။ Spy Kids 4 စတား ဂျက်ဆီကအဲလ်ဘ ကတော့ ဧပြီ 28 ရက်နေ့မှာ 30 ပြည့်သွားခဲ့တာပါ။ သြဂုတ်လ 13 ရက်နေ့ Haven ဆိုတဲ့ ဒုတိယ ကလေးကို သူမရဲ့ 30 ပြည့်ပြီး မကြာမှီမှာပဲ မွေးဖွားခဲ့တာပါ။
နာတာလီပေါ့မန်း
နာတာလီပေါ့မန်း ။ ။ ပြီးခဲ့တဲ့ အော်စကား ဆုပေးပွဲမှာ Black Swan ဇာတ်ကားနဲ့ အော်စကာဆု ကို သိမ်းပိုက်ဆွတ်ခူးခဲ့တုန်းက 29 နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ ဇွန်လ 9 ရက်နေ့မှာတော့ 30 ပြည့်ခဲ့တာပါ။
ရော်ဂျာဖက်ဒရာ
ရော်ဂျာဖက်ဒရာ (အားကစားသမား)။ ။ တင်းနစ် ဘုရင်ဟောင်း တစ်ယောက်ဖြစ်တဲ့ သူဟာ ပြီးခဲ့ သြဂုတ်လ 8 ရက်နေ့ 30 ပြည့်သွားပါပြီ။
အန်နာကော်နီကော်ဗာ
အန်နာကော်နီကော်ဗာ (အားကစားသမား)။ ။ တင်းနစ် လောကမှာ တင်းနစ်နတ်သမီး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရုရှား တင်းနစ်နတ်သမီးက ဇွန် 7 ရက်နေ့က အသက် 30 ကို ကျော်လွန်ခဲ့ပါတယ်။
အလီဂျဝုဒ်
အလီဂျဝုဒ် ။ ။ The Lord of the rings ဇာတ်ကားမှာ အကြီးအမားဆုံး အောင်မြင်မှုကို ရရှိခဲ့ပြီး Back to the Future Part II မှ 8 နှစ်သားအရွယ်ထဲက ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ သူ ဟာ ဘာလိုလိုနဲ့ ဇန်နဝါရီ 28 က 30 ကို ကျော်လွန်ခဲ့ပြီးပါပြီ။
နေတိုး, ဘီယွန်းဆေး, ဘရစ်တနီးစပီးယား, ဂျပ်စတင်းတင်းဘာလိတ်, ပဲရစ်ဟီတန်, ဂျက်ဆီကအဲလ်ဘ, နာတာလီပေါ့မန်း, ရော်ဂျာဖက်ဒရာ, အန်နာကော်နီကော်ဗာ, အလီဂျဝုဒ် တို့ရဲ့ သတင်းများ

Sunday, April 8, 2012
2011 ခုနှစ်မှာ အသက် 30 ပြည့်တော့မယ့် စတားများ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment